Aug 18, 2011
minnchitthu125

Hacking Website

ခု ကျွန်တော် ပြောချင်တာက သူငယ်ချင်း တစ်ယောက်ကိုဘေးမှာ
ထားပြီး သူ ထောင်ထားတဲ့ ဝဘ်ဆိုဒ်ကို ကိုယ်က ဘာမှ မသိဘဲ
ဝင်ပြီး ဖျက်တာ ပြင်တာ တွေ လုပ်နည်းလေးကိုပြောပြမှာပါ
ဘာမှ တော့ ခက်ခက်ခဲခဲကြီးမဟုတ်ပါဘူး….
သူငယ်ချင်းတွေကို နောက်ရုံသက်သက်ပါ…..
ပထမ ဦးဆုံး သူငယ်ချင်း ထောင်ထားတဲ့ဝက်ဆိုဒ်ကို သွားလိုက်ပါ
ပြီးရင် ခု ကျွန်တော်ပြောတဲ့ကုဒ်လေးကို သူငယ်ချင်း ဝက်ဆိုဒ်ရဲ့ Adress bar မှာ
ကော်ပီ ပေ့စ် လုပ်လိုက်ပါ အဲ့လိုလုပ်လိုက်တာနဲ့ အဲ့ဒီဝက်ဆိုဒ်ကို
ကျွန်တော် တို့ပြင်ချင်သလို ပြင်လို့ရပါပြီ…..တကယ် hack တာတော့
မဟုတ်ဘူးပေါ့ဗျာ…ဒါပေမယ့် သူငယ်ချင်းရှေ့မှာ လုပ်ပြလိုက်တော့ နဲနဲ အထင်ကြီး
ခံရလဲ နဲလားလို့…ဟုတ်ဘူးလားဗျာ..အဲ့ ကုတ်လေး တွေကတော့
javascript: document.body.contentEditable = ‘true’; document.designMode = ‘on’; void 0
ကဲ ….စလိုက်ရအောင်နော်….

Aug 17, 2011
minnchitthu125

Folder Option ဖော်ခြင်း ၊ ဖျောက်ခြင်း

ကျနော့်ကွန်ပြူတာမှာ Folder Options ပျောက်သွားလို့ ခဏလောက်တော့ ခေါင်းစားသွားရပါတယ်။ စဉ်းစားခန်းဖွင့်လိုက်သေးတယ်။ ဘယ်နဲ့ပျောက်သွားရတာပါလိမ့်။ Folder Option ဆိုတာကို မိမိရဲ့ကိုယ်ရေးကိုယ်တာ ဒါမှမဟုတ် အများကိုမမြင်မတွေ့စေချင်တဲ့ file (or) folder များကို မြင်ကွင်းမှ ဖျောက်ထားခြင်း၊ မြင်ကွင်းပေါ်သို့ ပြန်ရောက်အောင် ပြန်ခေါ် ခြင်းတို့မှာ များသောအားဖြင့် အသုံးပြုတတ်ကြပါတယ်။

ကျနော်လည်း file တစ်ချို့ကို ဖျောက်ထားမလို့ လုပ်မယ်အကြံမှာ Tools ထဲမှာ Folder Options ရှိမနေဘူး။ ဒါများ ခက်တာမှတ်လို့ Control panel ထဲကိုသွားမှာပေါ့။ ရော အဲဒါမှ ခက်ပြီး . . . Control panel ထဲမှာ လည်း မရှိဘူးဗျ။ ဘယ်လိုလုပ်ရမလဲ ? အဲဒီတော့ ကျနော့်ဆရာတွေအထဲက ကျနော်နဲ့အနီးဆုံးရှိနေတဲ့ ဆရာကိုမေးရတော့မှာပေါ့။ အဲလိုနဲ့ ကျနော့်ဆရာတစ်ဦးဖြစ်တဲ့ google.com ဆီဝင်မေးလိုက်ရပါတယ်။

Folder Options ပျောက်ဆုံးခြင်းဟာ ဗိုင်းရပ်စားတာ ဖြစ်နိုင်ပါတယ်တဲ့။ ကဲ့ ပျောက်သွားတဲ့ Folder Options ကို ကျနော်တို့ ပြန်ခေါ် ကြရအောင် . . .

အရင်ဆုံး Start ထဲက Run ဆီကိုသွားရပါမယ်။
Run box ထွက်လာတဲ့အခါမှာ gpedit.msc ကိုရိုက်ပြီး ok ပေါ့။

ကဲ ပေါ်လာတဲ့ box ထဲမှာမှ . . . .
User Configuration -> Administrative Template -> Windows Components -> Windows Explorer
အဲလို တစ်ဆင့်ပြီးဆင့်သွားလိုက်ပေါ့။

ထွက်လာတဲ့ Box လေးထဲမှ Removes Folder Options menu from Tools menu ကိုရှာလိုက်ပြီး ၂ချက် ကလင့်လိုက်ပါ။ ထပ်ထွက်လာတဲ့ box ထဲက Disable ကိုရွေးလိုက်ပေါ့။
တကယ် လို့ ဖျောက်ခြင်တယ်ဆိုရင်တော့ Enable ကို ရွေးပေးလိုက်ပေါ့ဗျာ….Folder Option မှ မဟုတ်ပါဘူး အခြား File Menu တို့ဘာတို့ ကိုလဲ အဲ့မှာပေါ်အောင် ပျောက်အောင် လုပ်လို့ရတယ်ဗျ…ကလိကြည့်လိုက်ပေါ့နော်….
ကဲ့ အဲဒါတွေအားလုံးပြီးရင်တော့ ကျနော်တို့ Control panel ထဲမှာရော Tools ထဲမှာပါ Folder Options ပြန်တွေ့ ပါလိမ့်မယ်။ အားလုံးအဆင်ပြေကြပါစေဗျာ . . .။

Aug 16, 2011
minnchitthu125

မျိုးကြီး ယူလိုက် download

Golden Girl 2 download

Golden Girl 1 download

နှင်းအဉ္ဇလီ-ပေါက်ပေါက်ဖောက် download

လက်လက်ကိုထလို့ 2 download

လက်လက်ကိုထလို့ 1 download

အိအိချွန် download

သူငယ်ချင်းများ download

city FM 8th Anniversary download

အိမ်မက်ထဲကလူ download

G လေး-ကောင်မလေး download

ချမ်းချမ်း-တကယ်ဆိုအချစ်ဘဲလိုတယ် download

အိမ်မက်လား တကယ်လား download

ဥဏ်လင်းအောင် အသင့်ရှိသူ download

ဟဲလေး+နီတာနေရာအနှံ့ download

ရဲလေး တတိယကာရန် download

အငဲ ကိုး download

Aug 16, 2011
minnchitthu125

gmail ပို့တဲ့သူက ဘယ်နိုင်ငံကလဲ

Gmail address တစ်ခုကို သိရုံနဲ့ သူဟာ ဘယ်နိုင်ငံ ကလဲ ဆိုတာ သိနိုင်ပါတယ်။ ပြီးတော့ သူ့ဆီကို Mail တစ်စောင်ပို့တဲ့အခါ သူဟာ အဲဒီ မေးလ်ကို ဖတ်လား မဖတ်လား ဆိုတာကိုလည်း သိနိုင်ပါတယ်။ Website နှစ်ခုကို အသုံးပြုပြီး လုပ်နိုင်ပါတယ်။ ပထမဆုံးတစ်ခု က Spypig ပါ။

၁ ။ Browser ကနေ New Windows တစ်ခုကို ဖွင့်လိုက်ပါ။ http://www.spypig.com/ ကိုသွားလိုက်ပါ။

၂ ။ နောက် Windows တစ်ခု ထပ်ဖွင့်ပြီး ကိုယ့် Gmail ကိုဖွင့်ထားပါ။ Compose Mail ကိုနှိပ်ထားပါ။

၃ ။ Spypig ရဲ့ Step1 Text box မှာ ကိုယ့် email ကိုရိုက်ပါ။ Step2 မှာ Subject ထည့်ပါ။ Step3 မှာပေးထားတဲ့ ပုံတွေထဲက ကိုယ်ကြိုက်တာကို ရွေးပါ။ Step4 မှာ 3 ကိုရွေးပါ။

၎။ ပြီးရင် Click to Activate My Spypig ဆိုတဲ့ button လေးကို နှိပ်လိုက်ပါ။ အဲဒီအခါ အောက်မှာ စက္ကန့်တွေပါတဲ့ ပုံလေးတစ်ပုံ ပေါ်လာပါလိမ့်မယ်။

၅။ အဲဒီပုံလေးကို နှိပ်ဆွဲပြီး Gmail ရဲ့ Body ထဲမှာ လွှတ်ချလိုက်ပါ။

၆။ ပြီးရင် တခြားစာလေးဘာလေးစသည်ဖြင့် ရိုက်ထည့်ပြီး Send ကိုနှိပ်လိုက်ပါ။

ကိုယ်ပို့လိုက်တဲ့သူက ကိုယ့် Mail ကိုဖတ်လိုက်တဲ့အခါမှာ Spypig ဟာ Mail ဖတ်ပြီးတဲ့အကြောင်း သတိပေးစာကို ကိုယ့် Gmail ဆီပြန်ပို့ပေးပါလိမ့်မယ်။ အဲဒီထဲမှာ ဖတ်တဲ့သူရဲ့ IP လည်း ပါပါတယ်။
ဒါဆို သူ့ရဲ့ IP သိသွားပါပြီ။ ဘယ်နိုင်ငံကလဲ ဆိုတာကိုတော့ http://www.ip2location.com/free.asp ကိုဖွင့်ပြီး အစောက IP ကို ရိုက်ထည့်ပေးလိုက်ရင် ဘယ်နိုင်ငံကလည်းဆိုတော ပေါ်လာပါလိမ့်မယ်။

Aug 16, 2011
minnchitthu125

သူငယ်ချင်းရဲ့ PC ကို hack ကြည့်ရအောင်

ကဲလေ့လာချင်သူများအတွက် တင်ပေးလိုက်ပြီနော်။ Hacking into your friend pc ဆိုတယ့် စာအုပ်ကလေးပါ။ ဟောင်းတော့ ဟောင်းနေပါပြီ ဒါပေမယ့် ခေတ်ဟောင်း Hacker များရဲ့ အလုပ်လုပ်ပုံ သူတို့ Hacking လုပ်ရာမှာ သုံးခဲ့တယ့် Hacking tool များနဲ့ အသုံးချပုံများကို ရေးထားပေးတယ့် စာအုပ်ဖြစ်တယ့် အတွက် လေ့လာသူများအတွက် အကျိုးရှိမယ်ထင်လို့ တင်ပေးလိုက်ပါတယ်။ English Version ဖြစ်ပေမယ့် လွယ်ကူပြီး နားလည်လွယ်နိုင်မယ့် English ဝေါဟာရ များကိုသာ အသုံးပြုထားတယ့် အတွက် သင်ယူလေ့လာချင်သူများအတွက် အလွန်ကို လွယ်ကူစေမယ့် Hacking နည်းပညာ စာအုပ်ကလေး ဖြစ်မှာပါ။ ပြီးတော့ Hacker ဖြစ်ချင်တယ့် သူဆိုတာ စာဖတ်မပျင်းရဘူးလေ အထူးသဖြင့် English စာပေါ့။ Computer Hacking နည်းပညာဆိုတာ အနောက်တိုင်းနိုင်ငံ များက စတင်ခဲ့တယ့် နည်းပညာဖြစ်တယ့် အတွက် Hacking နဲ့ပက်သက်တယ့် စာအုပ်အများစုကလည်း English လိုပဲရေးကြတာများပါတယ် အခုနောက်ပိုင်း မြန်မာလိုရေးထားတယ့် Hacking နည်းပညာ စာအုပ်တွေ ပေါ်နေပြီဆိုပေမယ့် တစ်ကယ်တမ်း Hacking ကိုလေ့လာတော့မယ်ဆိုရင် English စာ. English ဘာသာဆိုတာ ဘယ်သူမှ ရှောင် လွှဲလို့မရနိုင်ပါဘူး ဒါကြောင့် Hacking ဖြစ်ချင်လှပါပြီရဲ့ ဆိုတယ့် ညီအစ်ကိုများ English စာဖတ်ရမှာကို မပျင်းကြ မကြောက်ကြပါနဲ့လို့ အကြံပေးရင်း ဒီစာအုပ်ကလေးကို မျှဝေပေးလိုက်ပါရစေ။….. လေ့လာချင်သူများကတောိ့Dမှာ ဒေါင်းသွားလိုက်ကြပါဦး။

Aug 16, 2011
minnchitthu125

တွေ့တဲ့စက်တိုင်း သုံးမယ်ဆိုရင် ဒါလေးတော့သတိထား

ခုဟတ်ကင်းနဲ.ပတ်သက်ပြီး
နည်းနည်းပြောချင်ပါတယ် …အင်တာနက် သုံးတဲ့ သူတိုင်းမှာ ကိုယ်ပိုင် အကောက်တစ်ခုတော့ ရှိကြစမြဲပါပဲ ..
အဲ့ဒိအကောက် က သူတို.ရဲ. အသိုက်အမြုံလေးတွေ လိုပါပဲ …ဒါပေမဲ့ …အဲ့ဒိ ဟာလေးတွေကို
ဟတ်ကာ လို.အမည် ခံထားတဲ့လူတွေ က လက်ဆော့ပြီး အပျင်းပြေ ဖျက်ဆီးတတ်ကြပါတယ် …နေရာတော်တော် များများမှာ ကြားနေရပါတယ် …အဟတ်ခံကြရလို.တဲ့ စိတ်မကောင်းပါဘူး…ဒီလို အဟတ်ခံရတဲ့သူတွေ ဟာ….ကျွန်တော် ထင်တာကတော့ ..ဘယ်သူရယ် ဘယ်ဝါရယ်လို.သတ်သတ်မှတ်မှတ် အဟတ်ခံရတာ မဖြစ်နိုင်ပါဘူး …သူများထောင်ထားတဲ့ ထောက်ချောက် ထဲကို ဘုမသိဘမသိ ရောက်သွားလို. အဟတ်ခံရတာ ..များကြပါတယ် …
အဓိက ကတော့ spyware ပါ …သူလျှို ဆော့ဝဲလ်လေးတစ်ခုပေါ့ …အဲဒီ ဆော့ဝဲလ် ထောင်ထားတဲ့ စက်မှာ …
သူငယ်ချင်းအနေနဲ. အင်တာနက်သွားသုံးမိပြီ ဆိုရင် တော့ မတွေးဝံ့စ၇ာပါပဲ ..ဘာလို. လည်းဆိုတော့ သူက သူငယ်ချင်းလုပ်သမျှ အခြေအနေအားလုံးကို လိုက်မှတ်ထားလို.ပါ …မိမိ ဘယ်ပတ်စ်ဝေါ့ ရိုက်လိုက်တယ် ..
ဘယ်သူနဲ.ချက်တင်လုပ်တယ် …ဘယ်ဝက်ဘ်ဆိုက်ကို ၀င်ကြည်.တယ် …စတာတွေပေါ့နော် …အကုန်လုံးပေါ့ ..
screen shot တောင်ပါလိုက်သေးတယ် …ဒီတော့ ကျွန်တော့်အနေနဲ.သူငယ်ချင်းတို.က်ု ဒီလို မျိုး အဖြစ်မခံရအောင်
စေတနာများစွာနဲ. ဒီ ပိုစ့်ကိုရေးရခြင်းဖြစ်ပါတယ် … မန်ဘာတွေ အကုန်လုံးကို မြွေမြွေခြင်း
ခြေမြင်စေလို. တဲ့စေတနာနဲ.ပါ ….တကယ်လို. သူငယ်ချင်းအနေနဲ. ဒီပိုစ့ိကို ဖတ်ပြီးတဲ့အခါ ..အသိပညာလေးတစ်ခု
သူငယ်ချင်းအတွက် ..တိုးပွားလာမယ် ဆိုရင်တော့ ကျွန်တော်ကျေနပ်မိပါမှာပါ…..ဒီ ပိုစ့်ထဲက ဆော့ဝဲလ်ရတဲ့အခါ စမ်းသပ်နိုင်ပါတယ် …ဒါပေမဲ့သူများကို ဒုက္ခရောက်အောင်တော့ မလုပ်ကြပါနဲ. နောက်ချင်ရင်နောက်ပါ …ပတ်စ်ဝေါ့တွေရလာတဲ့အခါမှာ …နောက်ချင်ရင် သုံးရက်လောက် ချိန်းထားလိုက်ပါ …ပြီးမှ သူ.ပတ်စ်ဝေါ့ အမှန်ကို ပြန်တည်.ပေးလိုက်ပါ …အကောက်ကို ဖျက်ပစ်တာတို. သူ.သူငယ်ချင်းတွေကို မိုက်မိုက်ရိုင်း၊ရိုင်ြးေုပာပစ်တာတွေ
မလုပ်ကြပါနဲ.အလွန်ပဲ အောက်တန်းကျလှပါတယ်….ဒီ ဆော့ဝဲလ်က သိတဲ့သူတွေ လည်းသိမှာပါ ….မသိသေးတဲ့ သူငယ်ချင်းတွေ ရည်ရွယ်တာပါ ….သိတဲ့သူငယ်ချင်းများ မိကျောင်းမင်း ရေခင်းပြတယ်လို.မထင်ကြပါနဲ. …ကဲ..
ဆော့ဝဲလ်ကို ..ဒီအောက်က လင့်လေးမှာ သွားပြီးဒေါင်းနိုင်ပါတယ် .Refog ဆိုတဲ့ Keylogger ဆော့ဝဲလ်လေးပါ.. ကျွန်တော်လည်းအရင်တုန်းက နာမည်ပဲ ကြားဖူးတာပါ .လူကိုမမြင်ဖူးပါဘူး အဲလေ ဆော့ဝဲလ်ကိုမတွေ.ဖူးပါဘူး.အခုမှ ရလို.ဝေမျှပေးတာပါ………..ဒေါင်းတဲ့ အခါမှာ …Anti Virus ကို ခနပိတ်ထားပါ..
နို.မို.ဆို Anti Virus က ဆော့ဝဲလ်ကို သတ်လို.ပါ …ဒေါင်းပြိးလို. ဆော့ဝဲလ်ကို အင်စတောလ် လုပ်ပြိးတဲ့အခါမှာ
ဆော့ဝဲလ်ပေါ်လာပါလိမ့်မယ် …ပေါ်လာတဲ့အချိန်က စပြီးမှတ်တော့တာပါပဲ …သူငယ်ချင်း အနေနဲ.ဆော့ဝဲလ်ကို ပိတ်လိုက်တဲ့အခါမှာ …ဘယ်မှာမှ ရှာလို.တွေ.မှာမဟုတ်ပါဘူး ဘယ်ဖိုလ်ဒါထဲမှာမှ လည်းတွေ.မှာမဟုတ်ပါဘူး …
လုံးဝအပျောက်ရိုက်ထားတာပါ …ပြန်ဖော်ချင်ရင်တော့ Window + R နဲ. runကို ဖော်လိုက်ပါ …runပေါ်လာတဲ့အခါကျရင်
runbox ထဲမှာ …runrefog လို.ရိုက်လိုက်ပါ ..ဆော့ဝဲလ် ပေါ်လာပါလိမ့်မယ် …သူငယ်ချင်းအင်တာနက်ဆိုင် တစ်ဆိုင်မှာသွားထိုင်လို. စိတ်ထဲက မသင်္ကာဘူးဆိုရင် အဲ့ဒိလိုလုပ်ကြည်.လိုက်ပါ …ဆော့ဝဲလ်ရှိရင်ပေါ်လာပါလိမ့်မယ် ..
ပေါ်လာလို.ရှိရင် …software ထဲမှာ uninstall ဆိုတာလေးကို click နှိပ် ပြီးပိတ်လိုက်လို.ရပါတယ် ..ဒီလိုမှ မလုတ်တတ်ဘူး ….keylogger ရှိရဲ.သားနဲ.သုံးချင်တယ်ဆိုရင်တော့ နည်းတစ်နည်းရှိပါတယ် …ဘာလည်းဆိုတော့
ဥပမာ g talk signin ၀င်မယ် ဆိုရင် မိမိရဲ. password ကို အမှား 9 ခါ အမှန်တခါ ၇ိုက်ပြီး သုံးလို.ရပါတယ် …ဒီတော့
software ထောင်ထားတဲ့ သူက ပြန်ဖော်ကြည်.တဲ့အခါမှာ …ဘယ်password ကို အမှန်ယူရမှန်း မသိဘဲ ရူးသွားပါလိမ့်မယ် …ကဲသူငယ်ချင်အနေနဲ. ဒီဆော့ဝဲလ်ကို ဒေါင်းချင်ရင်တော့ ဒေါ်င်းပြီး စမ်းလိုက စမ်းနိုင်ပါတယ် …
ဒါပေမဲ့ သူများကို ဒုက္ခရောက်အောင်တော့ မလုပ်ကြပါနဲ. ဒီလောက်ပဲပြောချင်ပါတယ် …မန်ဘာတွေ အားလုံးကို အဟတ်ခံရခြင်း ၊အထူးသဖြင့် keyloggerရန်မှ ..ကင်းဝေစေချင်တဲ့ စေတနာနဲ.ပါ …

သူငယ်ချင်းအားလုံးမြွေမြွေခြင်းခြေမြင်ကြပါစေ …
keylogger လိုချင်ရတော့ ဒေါင်းလိုက် ပါ။

Aug 15, 2011
minnchitthu125

run box ထဲမှာရိုက်လို့ရတဲ့ command များ

ကျွန်တော်ကိုယ်တိုင် လိုက်ရှာနေတာ ကြာပါပြီ ။ ရရ ချင်း ပြန်တင်ပေးလိုက်ပါတယ် ။ Run box မှာ ရိုက်ရှာလို့ ရတဲ့ command လေးတွေ ပါ ။

* Application Command
* Accessibility Controls access.cpl
* Add Hardware Wizard hdwwiz.cpl
* Add/Remove Programs appwiz.cpl
* Administrative Tools control admintools
* Automatic Updates wuaucpl.cpl
* Bluetooth Transfer Wizard fsquirt
* Calculator calc
* Certificate Manager certmgr.msc
* Character Map charmap
* Check Disk Utility chkdsk
* Clipboard Viewer clipbrd
* Command Prompt cmd
* Component Services dcomcnfg
* Computer Management compmgmt.msc
* Date and Time Properties timedate.cpl
* DDE Shares ddeshare
* Device Manager devmgmt.msc
* Direct X Control Panel (If Installed)* directx.cpl
* Direct X Troubleshooter dxdiag
* Disk Cleanup Utility cleanmgr
* Disk Defragment dfrg.msc
* Disk Management diskmgmt.msc
* Disk Partition Manager diskpart
* Display Properties control desktop/desk.cpl
* Dr. Watson System Troubleshooting Utility drwtsn32
* Driver Verifier Utility verifier
* Event Viewer eventvwr.msc
* File Signature Verification Tool sigverif
* Findfast findfast.cpl
* Folders Properties control folders
* Fonts control fonts
* Fonts Folder fonts
* Free Cell Card Game freecell
* Game Controllers joy.cpl
* Group Policy Editor (XP Prof) gpedit.msc
* Hearts Card Game mshearts
* Iexpress Wizard iexpress
* Indexing Service ciadv.msc
* Internet Properties inetcpl.cpl
* IP Configuration ipconfig
* Java Control Panel (If Installed) jpicpl32.cpl
* Java Application Cache Viewer (If Installed) javaws
* Keyboard Properties control keyboard
* Local Security Settings secpol.msc
* Local Users and Groups lusrmgr.msc
* Logs You Out Of Windows logoff
* Microsoft Chat winchat
* Minesweeper Game winmine
* Mouse Properties control mouse
* Mouse Properties main.cpl
* Network Connections control netconnections
* Network Connections ncpa.cpl
* Network Setup Wizard netsetup.cpl
* Notepad notepad
* Nview Desktop Manager (If Installed) nvtuicpl.cpl
* Object Packager packager
* ODBC Data Source Administrator odbccp32.cpl
* On Screen Keyboard osk
* Opens AC3 Filter (If Installed) ac3filter.cpl
* Password Properties password.cpl
* Performance Monitor perfmon.msc
* Performance Monitor perfmon
* Phone and Modem Options telephon.cpl
* Power Configuration powercfg.cpl
* Printers and Faxes control printers
* Printers Folder printers
* Private Character Editor eudcedit
* Quicktime (If Installed) QuickTime.cpl
* Regional Settings intl.cpl
* Registry Editor regedit
* Registry Editor regedit32
* Remote Desktop mstsc
* Removable Storage ntmsmgr.msc
* Removable Storage Operator Requests ntmsoprq.msc
* Resultant Set of Policy (XP Prof) rsop.msc
* Scanners and Cameras sticpl.cpl
* Scheduled Tasks control schedtasks
* Security Center wscui.cpl
* Services services.msc
* Shared Folders fsmgmt.msc
* Shuts Down Windows shutdown
* Sounds and Audio mmsys.cpl
* Spider Solitare Card Game spider
* SQL Client Configuration cliconfg
* System Configuration Editor sysedit
* System Configuration Utility msconfig
* System File Checker Utility sfc
* System Properties sysdm.cpl
* Task Manager taskmgr
* Telnet Client telnet
* User Account Management nusrmgr.cpl
* Utility Manager utilman
* Windows Firewall firewall.cpl
* Windows Magnifier magnify
* Windows Management Infrastructure wmimgmt.msc
* Windows System Security Tool syskey
* Windows Update Launches wupdmgr
* Windows XP Tour Wizard tourstart
* Wordpad write

သူများရေးထားတာကို ရှာပြီးထည့်ပေးတာပါ ။ (ဘယ် Link က ရတာလဲဆိုတာ မမှတ်မိတော့လို့ မညွှန်းပေးထားတာပါ။)

* %allusersprofile% ………………* ကွန်ပျုတာကို သုံးနေတဲ့သူ အားလုံးရဲ့ Profile တွေရှိနေတဲ့ နေရာကို ပြပေးပါတယ်။
* %appdata% ………………………* အသုံးချဆော့ဖ်ဝဲတွေရဲ့ အချက်အလက်တွေ သိမ်းထားတဲ့ နေရာပါ။
* %comspec% …………………….* Command shell တကယ် အလုပ်လုပ်နေတဲ့ နေရာ။
* %homedrive% ………………….* လက်ရှိသုံးနေတဲ့ သူရဲ့ Home Drive နေရာ။
* %homepath% …………………..* လက်ရှိသုံးနေတဲ့ သူရဲ့ Home Drive လမ်းကြောင်း။
* %logonserver% …………….….* လက်ရှိဝင်သုံးနေတဲ့သူရဲ့ Domain Controller
* %programfiles% ……………….* ဆော့ဖ်ဝဲတွေ ထည့်သွင်းထားတဲ့ နေရာ
* %systemdrive% ……………..…* ၀င်းဒိုးရဲ့ ပင်မ Directory
* %systemroot% …………….…..* ၀င်းဒိုးရဲ့ ပင်မ Root Directory
* %tmp% သို့မဟုတ် %temp%…….* လက်ရှိသုံးနေတဲ့ ဆော့ဖ်ဝဲတွေ အလုပ်လုပ်လက်စ ဖိုင်တွေရှိရာနေရာ
* %username% ……………………* လက်ရှိသုံးနေတဲ့သူ အမည်
* %userdomain% …………………* လက်ရှိသုံးနေတဲ့ Domain အမည်
* %userprofile% ………………..…* လက်ရှိသုံးနေတဲ့သူရဲ့ Profile ရှိရာနေရာ
* %windir% ………………..…….…* OS တင်ထားတဲ့ နေရာ

အားလုံးပဲ ကူးယူ ပြီး မသိသူများ ကို ကျွန်တော်တို့ လို့မတတ်သူများက ဆရာပြန်လုပ်ကြပါစို့ ……

Aug 15, 2011
minnchitthu125

Stick တစ်ချောင်းနဲ့ Hack ခြင်း

Hacking စိတ်ဝင်စားသူတွေအတွက် လက်ဆောင် တစ်ခုပေးချင်တယ်။ သိပြီးသားလူတွေလည်း ပါပါ လိမ့်မယ်။ အားစိုက်ထုတ်စရာ မလိုပဲ သူများရဲ့ security တွေလိုချင်သူတွေအတွက် တော်တော်ကို မိုက်ပါတယ်။ USB thief တဲ့။

USB(flash drive) ကို ကွန်ပျူတာမှာ ထိုးလိုက်ရုံနဲ့ သူ့ရဲ့ လက်ရှိသုံးနေတဲ့ windows user password, Internet History တွေ Video ကြည့်ထားတဲ့ မှတ်တမ်းတွေ၊ အများကြီးဗျာ ကွန်ပျူတာ အသုံးပြုမှု မှတ်တမ်းတွေအားလုံး USB drive ထဲ ပါလာပါလိမ့်မယ်။ စိတ်ဝင်စားစရာ ကောင်းမှာပါနော်။ အသေးစိတ်ပြောပြပါ့မယ်

ဒီမှာ ဖိုင်လေးကို ဒေါင်းလိုက်ပါ။ Windows XP , Vista နှစ်ခုစလုံးမှာ အလုပ်လုပ်ပါတယ်။

rar ဖိုင်နဲ့ပါ ။ ဇစ်ဖြည်လိုက်ရင် USB thief ဆိုတဲ့ ဖိုဒါထဲမှာ Folder သုံးခုနဲ့ file နှစ်ခု ရှိပါတယ်။ အဲဒီ ၅ ခုလုံးကို မိမိရဲ့ Flash drive ထဲ ကူးထည့်လိုက်ပါ။ ဘာဖိုဒါထဲမှ ထပ်မထည့်ပါနဲ့။ (ဥပမာ – မိမိကွန်ပျူတာ မှာ flash drive တပ်လိုက်ရင် Drive J:\ အဖြစ်ပြတယ် ဆိုပါစို့။ Drive J:\ ကို ဖွင့်လိုက်တာနဲ့ ဖိုင် ၅ ခုလုံး မြင်ရပါမယ်။ ကလေးပါ နားလည်အောင် ပြောလိုက်တာပါ) ပြီးရင် ဖိုင် ၅ ခုလုံးကို Hidden ပေးထားနိုင်ပါတယ်။ (မပေးထားလည်းရပါတယ်)

ကူးပြီးရင် USB drive ကို ဖြုတ် ။ ကွန်ပျူတာ တစ်လုံးမှာ သွားထိုးကြည့်ပါ။ (မိမိကွန်ပျူတာမှာပဲ ဖြစ်ဖြစ်ပေါ့) အောက်ပါအတိုင်း ပေါ်လာပါတယ်။ ( Autorun မပိတ်ထားဘူး ဆိုရင်ပေါ့)

ကျနော် အခုပြထားတဲ့ ပုံစံအတိုင်း Ok ပေးလိုက်ရုံနဲ့ မိမိရဲ့ Windows user password က စလို့ ကွန်ပျူတာသုံးနေတဲ့ History တော်တော်များများ ပါသွားပါပြီ။ ဘာတွေပါသွားလဲ သိချင်ရင် Dump ဆိုတဲ့ ဖိုဒါကို ဖွင့်ကြည့်လိုက်ပါ။ ဒီလို USB ထိုးခဲ့သမျှ ကွန်ပျူတာတွေရဲ့ Computer name နဲ့ ဖိုဒါ မြင်ရပါမယ်။ (ကွန်ပျူတာတစ်လုံးကို ဖိုဒါတစ်ခု နဲ့ မြင်ရပါလိမ့်မယ်။ကျနော် ကွန်ပျူတာ သုံးလုံးမှာ ထိုးခဲ့တာပါ)

တစ်ခုကို ဖွင့်ကြည့်လိုက်ပါ။ အောက်ပါအတိုင်း မြင်ရပါတယ်။ ( ၁၉ ခု ပြပေးနိုင်ပါတယ် )

Networkpasswords ဆိုတာကို နှိပ်လိုက်ရင် windows user passwords ကို မြင်ရပါတယ်။ ကျန်တာတွေကတော့ ကိုယ့်ဘာသာ ဆက်လေ့လာလိုက်နော်။ ဖိုင် ၅ ခုလုံးကို Hidden ပေးထား လိုက်ရင်။ ဒါတွေ ရှိနေတာ ဘယ်သူမှ မသိတော့ပါဘူး။ တော်တော်များများက Hidden files တွေကို Show မပေးထားကြဘူးလေ။ အဲလောက်ဆို ကလိ ချင်တဲ့ လူတွေ သိလောက်ပါပြီနော်။ ဘယ်သူမှ စိတ်အနှောင့် အယှက်ဖြစ်အောင် ကျနော့်ပို့စ်က ဒုက္ခ မဖြစ်စေဘူးလို့ ယုံကြည်ပါတယ်ဗျာ။ Hacking ၀ါသနာပါတဲ့ Beginner တွေ အတွက်ပါ။
ပျော်ရွှင်ပါစေဗျာ ……

Aug 15, 2011
minnchitthu125

Administrator password မေ့သွားခဲ့ရင်

Windows XP တင်လိုက်တာနဲ့ Built-In Account ၂ ခု ပါလာတာ တော်တော်များများလည်း သိကြ မှာပါ။

၁။ Administrator နဲ့
၂။ Guest ဆိုပြီး ပါလာပါတယ်။

Administrator က Windows တစ်ခုလုံးကို ကြိုက်သလို လုပ်ပိုင်ခွင့်ရှိပါတယ်။ Full Access Permission ပေါ့။ ကြိုက်တဲ့ Software တင် လို့ရတယ်။ ဖြုတ်လို့ရတယ်။ Group Policy တွေ Registry တွေ ပြင်လို့ရတယ်။ Account တွေ ထပ်ဖွင့်လို့ရတယ်။ ဖျက်ချင်တဲ့ Account တွေ ဖျက်လို့ ရတယ်။ Account တွေရဲ့Password တွေ ကို Change လို့ရတယ်။ Guess ကတော့ Windows ကိုဝင်သုံးရုံသက်သက်ပါ။ ဘာမှလုပ်ပိုင်ခွင့်မရှိပါဘူး။ Administrator က ထပ်ဖွင့်တဲ့ Account တွေမှာ လည်း Account Type 2 မျိုး ရှိပါတယ်။

၁။ Administrator Type နဲ့
၂။ Limited Type ပါ။

Account ထပ် ဖွင့်တဲ့အခါ Account name ပေးပြီးရင် Account Type ကို ရွေးပေးရပါမယ်။ Administrator type နဲ့ ဖွင့်လိုက်ရင် Built-In Administrator အတိုင်း လုပ်ပိုင်ခွင့်ရှိပါတယ်။ Limited type နဲ့ ဖွင့်လိုက်ရင် တော့ ဘာမှ လုပ်ပိုင်ခွင့် မရှိပါဘူး။ ဖွင့်လိုက်တဲ့ account ရဲ့ Password ကို ဘဲ change ခွင့်ရှိပါတယ်။ အဲဒီတော့ Administrator ဆိုတာ အရေးကြီးပါတယ်။ Administrator Account ကို Password မပေးထားဘူးဆိုရင် ကိုယ့် Computer ရဲ့ Windows ထဲ ကို တခြားသူက အလွယ်တကူ ၀င်ရောက်ပြီး ကြိုက်သလို မွှေသွားလို့ရပါတယ်။ Registry တွေ ကလိ သွားမယ်။ ပြီးရင် password လည်း change သွားမယ် ဆိုရင် ဘယ်လိုလုပ်ကြမလဲ၊ ၀င်လို့ရတော့ မှာ မဟုတ်ပါ။ အဲဒီတော့ Administrator Account ကို Password ပေးထားရပါတယ်။ ကိုယ်ပေးထားတဲ့ Password ကို ကိုယ် ကိုယ်တိုင် မေ့သွားခဲ့ရင် ရော၊ Windows ထဲကို ၀င်လို့ရတော့မှာ မဟုတ်သလို၊ Limited Account နဲ့ ၀င်လို့ရခဲ့ရင်လည်း ကိုယ်သုံးချင်တဲ့ Program တွေ Install လုပ်ခွင့်ရမှာမဟုတ် ပါဘူး။ အဲဒီလို Case တွေကို ဖြေရှင်းဖို့အတွက် နည်းလမ်းတွေကတော့ အများကြီးရှိပါတယ်။ Password Recovery CD တွေရှိတော့ရှိပါတယ်၊ ဒါပေမယ့် ၀ယ်ရတာ၊ သုံးရတာ အခက်အခဲရှိပါ လိမ့်မယ်။ အလွယ်ကူဆုံး နည်းလမ်းကတော့ Windows XP CD နဲ့ Password ပြန် change တဲ့နည်းပါ။ ဒီနည်းကို သိတဲ့သူတွေ သိပ်မရှိပါဘူး။

အရင်ဆုံး XP CD နဲ့ Boot တက်လိုက်ပါ။ Boot တက် ပြီးလို့ Windows Install လုပ်မှာလား၊ Repair လုပ်မှာလားမေးတဲ့ အဆင့်ရောက်ရင် Enter ခေါက်ပြီး ဆက်သွားလိုက်ပါ။ License Agreement ကို F8 နှိပ်ပြီး Agree လုပ်လိုက်ပါ။ နောက်တစ်ခေါက် Windows တင်ပြီးသားရှိတယ်၊ အသစ်တင်မှာလား Repair လုပ်မှာလား ထပ်မေးရင် R ကို နှိပ်လိုက်ပါ။ လိုအပ်တဲ့ File တွေ Copy ကူးပြီး Restart ကျသွား ပါမယ်။ ပြန်တက်လာရင် ဆက် Install လုပ်နေပါလိမ့်မယ်။ ဘယ်ဘက်အောက်ခြေ က Loading ဘား တန်းအောက်မှာ Hardware Installation ဆိုတဲ့စာကိုတွေ့ရင် Shift + F10 ကိုနှိပ်လိုက်ပါ။ command prompt ပေါ်လာပါလိမ့်မယ်။ nusrmgr.cpl ကိုရိုက်ပြီး Enter ခေါက်လိုက်ပါ။ User Account Box ပေါ်လာရင် Administrator ကိုနှိပ်လိုက်ပါ။ ပြီးရင် Change Password ကို ထပ်နှိပ်လိုက်ပါ။ ပြီးရင်တော့ ကိုယ်ပေးချင်တဲ့ Password ကို ပြန်ပေးလိုက်ပါ။ အားလုံးပြီးရင် Exit နဲ့ထွက်လိုက်ပါ။ Windows Repair ကိုပြီးတဲ့အထိ ဆက်သွားလိုက်ရင် ရပါပြီ။ Windows, Program နဲ့ Data တွေ ပုံမပျက် ရှိနေပါလိမ့်မယ်။ အဲ တစ်ခုတော့ရှိတယ်ဗျ။ ကိုယ်တင်ထားတဲ့ Windows ရဲ့ Service Pack နဲ့ ကိုယ် တင်မယ့် ကတော့ XP CD ရဲ့ Service PackSame ဖြစ်မှရမှာနော်။

Aug 15, 2011
minnchitthu125

hacker တွေရဲ့ပရိယာယ် တချို့

ကျွန်တော်သိသလောက်လေးရေးတာပါ။ မှားတာပါရင်တော့ခွင့်လွတ်နော်။
Hacker တွေကဘယ်လိုမျိုး သင့်ဆီက password တွေကိုယူတတ်သလဲဆိုတော့။
၁.သူတို့ပာာ စကားပြောကောင်းတတ်ပါတယ်။
၂. သင့်ထံမှာ အလွန်ခင်မင်ဖို့ကောင်းတဲ့သူငယ်ချင်းပုံစံမျိုးနေတတ်ပါတယ်။
အဲ့ဒီလိုအချက်အလက်ပေါင်းများစွာပေါ့။
ဘယ်လိုသဘောမျိုးလဲဆိုတော့ ဥပမာ သင်က သင့်ရဲ့ gmail password ဒါမှမပာုတ် security question
မှာ သင့်ကောင်မလေးနာမည် ဒါမှမပာုတ် သင့်ရဲ့ မွေးနေ့ ၊ သင်စိတ်ဝင်စားတတ်တဲ့အရာ တွေထားတတ်မှာပေါ့။
အဲ့ဒီလို Personal အချက်အလက်လေးတွေကို သူတို့က သင့်ထံကို ကပ်ပြီးတော့ စကားတွေပြောပြီးတော့
အချက်အလက်လေးတွေ စုဆောင်းတတ်ပါတယ်။ ကျွန်တော်ကြားဖူးတာကတော့ အဲ့ဒီလိုလုပ်တာကို social engineering လို့လားတော့မသိဘူးကြားဖူးပါတယ်။ အဲ့ဒီလိုနဲ့ သင့် password တွေ security question တွေကို သူတို့စုဆောင်းမိတဲ့ အချက်အလက်တွေနဲ့ guess လုပ်တတ်ပါတယ်။ ပြီးတော့ သင့်password ပါသွားပါပြီ။ အဲ့ဒီတော့ ဘယ်လိုကာကွယ်သင့်သလဲဆိုတော့။

***** password တွေ security question တွေကို ကိုယ်ကိုယ်တိုင်သာသိနိုင်လောက်တဲ့။ ဘယ်သူ့ကိုမှ ဖွင့်မပြောနိုင်လောက်တဲ့ပာာလေးတွေပေးပါ။ ကိုယ့်ကောင်မလေးနာမည်ပေးမယ်ဆိုရင်လည်း ။ ကိုယ့်နာမည်ကော ကိုယ့်ကောင်မလေးနာမည်ကောပြီးတော့ !@အဲ့ဒီလိုsign လေးတွေပါ ပေးမယ်ဆိုရင်တော့ ဘာမှကြောက်စရာမလိုပါဘူး။
အော်တစ်ခုပြောရဦးမယ်။ သင်တို့ကို !@$အဲ့ဒီ sign တွေထည့်ပါလို့ တိုက်တွန်းတာအလကားမပာုတ်ဘူးဗျ။
ကျွန်တာ် စမ်းဖူးတဲ့ keylogger တွေက အဲ့ဒီ sign တွေကို အကြာကြီး မမှတ်ပေးဘူး။ တစ်ချို့ ဆိုရင်
အဲ့ဒီ sign တွေကို မမှတ်ပေးဘူး။ ကျွန်တော်သုံးဖူးတဲ့ keylogger လေးတွေကို ပြောတာနော်။
thz to all reader…………. ****

Pages:123»

Calendar

April 2014
M T W T F S S
« Aug    
 123456
78910111213
14151617181920
21222324252627
282930  
Unique
Visitors
Google Analytics

radio

အဖြူရောင်သံစဉ် ရေဒီယို

Categories

လည်ပတ်သူများ

မေးထဲက ဖတ်ပါ

Enter your email address:

Delivered by FeedBurner

Syndication